Events
ACEMES – ROK project များအတွက် သုံးလပတ်တိုးတက်မှု အစီရင်ခံစာ အစည်းအဝေး (Quarterly Progress Report Meeting) ကျင်းပခြင်း
Updated At: 2023-08-23 16:39:53

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈:၃၀ နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ မဲခေါင်သိပ္ပံ (Mekong Institute) မှကြီးမှူး၍ Virtual စနစ်ဖြင့် ကျင်းပသည့် အက်ခ်ကမက်-ကိုရီးယား ပူးပေါင်းဆောင် ရွက်မှုရန်ပုံငွေ (ACEMES–ROK Cooperation Fund) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေ သော စီမံကိန်းများ၏ သုံးလပတ်တိုးတက်မှု အစီရင်ခံစာအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများနှင့် စီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့အစည်း (Project Implementing Agency-PIA) အဖွဲ့ဝင်များ စုစုပေါင်း (၂၀) ဦးကျော် တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံဘက်မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ ဦးဆောင်သည့် စီမံကိန်းဆိုင်ရာ တာဝန်ရှိသူအရာရှိ များတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မဲခေါင်သိပ္ပံ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးဌာန (Trade and Investment Facilitation Department- TIF) မှ ညွှန်ကြားရေးမှူး Mr. Madhurjya K.Dutta က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စီမံကိန်းများအတွက် ရေးဆွဲထားသည့် လုပ်ငန်းအစီအစဉ် (Work Plans) များအရ သုံးလပတ်အတွင်း စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သက်ဆိုင်ရာနိုင်ငံများအလိုက် စီမံကိန်း အကောင်အထည် ဖော်ရေးအဖွဲ့ အဖွဲ့ဝင်များက ရှင်းလင်းတင်ပြခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ အကောင်အထည်ဖော် နေသည့် “အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့် တင်ထုတ်လုပ်ခြင်းစီမံကိန်း” မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် သင်တန်းအစီအစဉ် များ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် စီမံကိန်းရည်ရွယ်ချက် ပြည့်မီစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အချက်များကို တင်ပြခဲ့ပါသည်။
ထို့နောက် သက်ဆိုင်ရာနိုင်ငံများအလိုက် စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဘတ်ဂျက်သုံးစွဲမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နံနက် (၁၁:၁၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025